mdn

ပန်းတနော်  ၂၃ ဇွန် 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပန်းတနော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ (၂၀၂၀- ၂၀၂၁)ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် ရေပေးရေးလုပ်ငန်းများအား ကျေးရွာကော်မတီများထံသို့ လုပ်ငန်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဇွန် ၂၃ ရက် နံနက် ၁၀ နာရီက ပန်းတနော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မအူပင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်က တက်ရောက်လာကြသည့် ကျေးရွာကော်မတီဝင်များအား ရေပေးရေးလုပ်ငန်း လွှဲပြောင်းပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင်က ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာကော်မတီဝင်များထံသို့ ၂၀၂၀- ၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (မူလ/ မွမ်းမံ)ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးလက်ရေရရှိရေးလုပ်ငန်းများအား စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျေးရွာ ရေးပေးရေးကော်မတီဝင်များကို Operation and Maintanance Procedure ရန်ပုံငွေ ကောက်ခံခြင်း၊ စုဆောင်းထိန်းသိမ်းခြင်း လုပ်ငန်းစဥ်များကို သင်ကြားပို့ချ ပေးခဲ့သည်။

 

ပန်းတနော်မြို့နယ်တွင် မူလခွင့်ပြုငွေဖြင့် လက်ပန်ကုန်းကျေးရွာနှင့် သပြုချောင်းကျေးရွာတို့တွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများကို (၂၅.၈၂)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး မွမ်းမံ ရန်ပုံငွေ(၂.၄၈)သန်းဖြင့် ပျဥ်မချောင်းကျေးရွာတွင် အင်ဂျင်နှင့် အုတ်ရေကန်ပြုပြင်ခြင်း၊ ဆင်လမ်းကြီး ကျေးရွာတွင် အုတ်ရေကန် ပြုလုပ်ခြင်း၊မဿမံကုန်းစုကျေးရွာတွင်ရေစက်ပြုပြင်ခြင်း၊ တာပါတ်ကလေး ကျေးရွာတွင် ရေစုပ်ပန့်လဲလှယ်ခြင်းနှင့်အင်ဂျင်ပြုပြင်ခြင်း၊ ကြံတောစုကျေးရွာတွင် ရေစက်ရုံပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ ဆက်)