ပန်းတနော် ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ ခွေးနှင့်ကြောင်များကို ဇူလိုင် ၁၃ ရက်မှစ၍ ခွေးရူးကာကွယ်ဆေး အခမဲ့ လာရောက် ထိုးနှံနိုင်ကြောင်း သိရသည်။
ပန်းတနော်မြို့နယ် မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးကာကွယ်ဆေး အကောင် (၁၀၀) အတွက် ထုတ်ယူရရှိသဖြင့် ဇူလိုင် ၁၃ ရက်မှ ၂၀ ရက်ထိ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ ခွေးနှင့်ကြောင်များကို အခမဲ့ ထိုးနှံပေးပြီးနောက် ပြည်သူများ၏ ခွေး၊ ကြောင် စသည့် တိရစ္ဆာန်များကို ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)


