ပန်းတနော် ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ပန်းတ‌နော်မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပန်းတနော် မြို့ပေါ်ရပ်ကွက်များသို့ ယနေ့နံနက်ပိုင်းတွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ကြေညာခဲ့ကြသည်။

ထို့သို့ လှည့်လည်အသိပေးနှိုးဆော်ကြေညာရာတွင် မိမိတို့နနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါဆိုးကြီးသည် လျှင်မြန်စွာ ကူးစက်ပျံ့ပွားမှုဖြစ်နေသဖြင့် လူအများသေဆုံးမှုမြင့်မားလျက်ရှိပါတယ်။

ကူးစက်ပြန့်ပွားနေမှုကို လျော့နည်းစေပြီးထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန်အတွက် အလွန်အရေးကြီးနေပြီး၊ ပြည်သူများကပူးပေါင်းပါဝင်ဆောင်ရွက်မှသာ လျင်မြန်စွာ အချိန်တိုအတွင်း ကာကွယ်နိုင်မှာဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် လက်ရှိအခြေအနေတွင်တတ်နိုင်သမျှ မိမိနေအိမ်၌သာ နေထိုင်သွားကြရန် သို့မှသာ ရောဂါကွင်းဆက်ပြတ်တောက်ပြီး၊ကူးဆက်မှုကို ထိထိရောက်ရောက်ကာကွယ်နိုင်မှာဖြစ်ကြောင်း၊မိမိ နေအိမ်တွင် ပြင်ပမှလာသောဧည့်သည်များ လက်ခံခြင်းမပြုရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့်နေအိမ်မှ အပြင်ထွက်သည့်အခါ နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်သွားကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ အနည်းဆုံး (၆)ပေအကွာမှာ ခပ်ခွာခွာနေရန်၊ Mask မတပ်သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ စျေးဝယ်ခြင်းများ ရှောင်ကျဉ်ကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်းသွားလာခြင်းရှောင်ကြရန်၊ လက်ကိုဆပ်ပြာ ဖြင့်အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးခြင်း၊ လက်ကိုဆေးကြောခြင်းမပြုဘဲပါးစပ်၊ နှာခေါင်းနှင့်မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ရန်၊ လေဝင်၊ လေထွက်မကောင်းသော အခန်းများကိုရှောင်ခြင်း၊ မိမိတို့နေအိမ်များကို ပြတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်‌ ကောင်းအောင်လုပ်ခြင်း၊ အပြင်မှပြန်လာ‌ခြင်း၊ အများတကာနှင့် တွေ့ဆုံပြီးပါက၊ ပါးစပ်နှင့် နှာခေါင်းစည်း(Mask) များကို နေအိမ်အပြင်တွင်စွန့်ပစ်ခြင်း၊ အပြင်ကပြန်လာပြီးတိုင်း အဝတ်မလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်မီ အိမ်သားများနှင့်မထိတွေ့ကြရန်၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊သွေးတိုး၊ နှလုံးရောဂါခံရှိသူများ၊ ရောဂါပိုးကူးစက်ခြင်းခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး၊ အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် ၊မိမိတို့တွင် ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်နှင့် ကိုဗစ်ကပ် ရောဂါကူးစက်မှုကို အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံး အ‌နေဖြင့် ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)

214791793