ပန်းတနော်  ၁၂   ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင်  ကွမ်းခြံစိုက်ပျိုးလုပ်ကိုင်နေသူများ ကွမ်းစျေးမကောင်း​သဖြင့် စီးပွားရေးအခက်အခဲများ ကြုံတွေ့နေရကြောင်း ထိန်းကုန်းကျေးရွာရှိ ကွမ်းခြံစိုက်ပျိုးလုပ်ကိုင်သူ ဦးတင်ကြိုင်ထံမှ သိရသည်။

 

“ပန်းတနော်မြို့နယ်မှာ ကွမ်းခြံလုပ်ငန်းကို စီးပွားဖြစ်အများဆုံး စိုက်ပျိုးလုပ်ကိုင်နေသူများဖြစ်ပြီး လက်ရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလတွင် ကွမ်းစျေးမကောင်း၍ လူမှုစီးပွားရေး အခက်အခဲတွေတော့ရှိပါတယ် မနှစ်ကဒီလိုအချိန်ဆိုရင် ကွမ်းစျေးက အထိုက်အသင့်လောက် စျေးကောင်းရတော့ ကွမ်းစိုက်တောင်သူများ လူမှုစီးပွားရေးအဆင်ပြေပါတယ် အခုကလည်း ကိုယ်တစ်ဦးထဲမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံတွေနဲ့ချီပြီး ဒီရောဂါကပ်ကြီးက ဖြစ်နေတာဆိုတော့ မတတ်နိုင်ဘူးလေ မိုးပြိုတော့လည်းအများပေါ့” ဟု ကွမ်းခြံစိုက်ပျိုးလုပ်ကိုင်သူ ဦးတင်ကြိုင်က ပြောသည်။

 

ကွမ်းခြံစိုက်ပျိုးရာတွင် ကွမ်းညွန့်များကို ပုသိမ်၊ မြောင်းမြ၊ ခွ စသည့်မြို့နယ်များတွင် သွားရောက် ဖြတ်ယူစိုက်ပျိုးရပြီး ကွမ်းခြံစိုက်ပျိုးရာတွင် ဝါး၊ အမိုးအကာအဖြစ် ကိုင်းရွက်စသည့်တို့ကို ဝယ်ယူရကာ ကွမ်းတစ်ထောင်ခြံလျှင် ၂ သိန့်ကျော်ခန့်ကုန်ကျကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)