ပန်းတနော် ၄ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ရေပေါ်ကြီးကျေးရွာအုပ်စု အထက် ကဇင်းတော ကျေးရွာတွင် သြဂုတ် ၄ ရက် နံနက် ၁၁ နာရီက မြစ်ရေတိုက်စား မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်(၁၅)လုံးအား အန္တရာယ်လွတ်ကင်းမည့် နေရာများသို့ ယာယီပြောင်းရွှေ့ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် အိမ်ထောင်စု(၁၅)စုအတွင်းရှိ အမျိုးသား (၄၄)ဦး၊ အမျိုးသမီး (၄၆)ဦးအား အန္တရာယ်လွတ်ကင်းမည့် နေရာများသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖ များက ယာယီပြောင်းရွှေ့ထားရှိခဲ့ကြောင်း သိရသည်။
မြစ်ကမ်းပါး ပြိုကျမှုကြောင့် ပြောင်းရွှေ့နေထိုင်ရသည့် အိမ်ထောင်စုများအား ယာယီနေထိုင်နိုင်ရေး၊ လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများအနေဖြင့် အချိန်နှင့် တစ်ပြေးညီ ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကမ်းပြိုကျမှုကြောင့် လူနှင့်တိရစ္ဆာန် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရသည်။
အေးချမ်းအောင်(ပန်းတနော်)