ပန်းတနော်   ၂၉   ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် မိုးတွင်းကာလ မြစ်ရေတက်ချိန်၌ မြစ်အတွင်း မောင်းနှင်သွားလာသော စက်မဲ့ရေယာဉ်၊ စက်တပ်ရေယာဉ်များ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသက်ကယ်အင်္ကျီ စနစ်တကျ ဝတ်ဆင်တတ်စေရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပန်းတနော်ဆိပ်ကမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင်  မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် စက်မဲ့ရေယာဉ်၊ စက်တပ်ရေယာဉ်များဖြင့် မောင်းနှင် စီးနင်းသွားလာသူများအား အသက်ကယ်အင်္ကျီများ ဆောင်ထားရန်နှင့် ဆောင်ထားသော အသက်ကယ်အင်္ကျီများ စနစ်တကျ ဝတ်ဆင်တတ်စေရေးတို့ကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အေးချမ်းအောင်(ပန်းတနော်)