ပန်းတနော် ၂၅   ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ကျန်မာရေးအသိပညာပေးအဖွဲ့မှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အ.ထ.က(၁)ကျောင်းဝန်းအတွင်းရှိ ခြုံနွယ်မြတ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့ နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ခဲ့သည်။

 

အဆိုပါ ခြုံနွယ်မြတ်ပင်များ ရှင်းလင်းဆောင်ရွက်ရာတွင် ကျောင်းဖွင့်ချိန်ရာသီကာလ ရောက်လာပြီးဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေး၊ ခြင်၊ ယင်၊ ပိုးမွှားများ မခိုအောင်းနိုင်စေရေးအတွက် ကျောင်းပတ်ဝန်ကျင်ရှိ သစ်ပင်ခြုံနွယ်များ၊ မြတ်ပင်များခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်တာဖြစ်ပြီး ကျန်ရှိနေတဲ့ မြို့ပေါ် အ.ထ.က(၂)ကျောင်းနှင့် မူလတန်းကျောင်း(၄)ကျောင်း၊ ဘုန်တော်ကြီးပညာသင်ကျောင်း(၁) ကျောင်းတို့ကို ဆက်လက်ရှင်းလင်းဆောင်ရွက်ဖို့ရှိကြောင်း ကျန်းမာရေးအသိပညာပေး အဖွဲ့ဦးဆောင်သူ ကိုအောင်ကျော်ခိုင်ထံမှ သိရသည်။

 

 မြို့နယ်(ပြန်/ ဆက်)