ပန်းတနော်၊ ၇ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အနှေးယာဉ်(ဆိုက္ကား)နှင့် အနှေးယာဉ်နင်းသားလိုင်စင်များအား အသစ်လဲလှယ်ပေးသွားမည် ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်များ၌ လိုက်လံအသိပေး ကြေညာခဲ့သည်။
ပန်းတနော်မြို့နယ်တွင် ၂၀၂၀- ၂၀၂၁ ခုဘဏ္ဍာရေးနှစ် အနှေးယာဉ်(ဆိုက္ကား)နှင့် အနှေးယာဉ်နင်းသား လိုင်စင်များအား အသစ်လဲလှယ်ပေးသွားမည်ဖြစ်၍ အနှေးယာဥ်ပိုင်ရှင်များအနေဖြင့် မိမိတို့၏ အနှေးယာဉ်(ဆိုက္ကား)များအား တောင့်တင်းခိုင်မာသစ်လွင်မှုရှိသည့် အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ထားရှိ၍ ဆိုက္ကားနင်းသားများအနေဖြင့် ဆိုက္ကားလိုင်စင် သက်တမ်းတိုးလဲလှယ်သည့် နေ့ရက်များတွင် တစ်ပါတည်းလိုင်စင်ပြုလုပ်ကြရန် ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လိုက်လံအသိပေး ကြေညာထားကြောင်း သိရသည်။
အဆိုပါ ဆိုက္ကားလိုင်စင်သက်တမ်း တိုးလဲလှယ်သည့်ရက်များမှာ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ဆိုက္ကားယာဥ်အမှတ် (၁ မှ ၅၀) ထိ၊ ဇန်နဝါရီ ၁၅ ရက်နေ့တွင် (၅၁ မှ ၁၀၀ )ထိ၊ဇန်နဝါရီ ၁၆ ရက်နေ့တွင် (၁၀၁ မှ ၁၅၀ )ထိ၊ ဇန်နဝါရီ ၁၇ ရက်နေ့တွင် (၁၅၁ မှ ၂၀၀) ထိ၊ ဇန်နဝါရီ ၁၈ ရက်နေ့တွင် (၂၀၁ မှ ၂၅၀ )ထိ၊ ဇန်နဝါရီ ၁၉ ရက်နေ့တွင် (၂၅၁ မှ ၃၀၀) ထိ၊ဇန်နဝါရီ ၂၀ ရက်နေ့တွင် (၃၀၁ မှ ၃၂၆ )ထိ ဆိုက္ကားလိုင်စင်များ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)


