ပန်းတနော်၊ မေ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မေ ၂ ရက် ည ၆ နာရီခွဲခန့်က ရုတ်တရက်လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ် (၅၂၅)လုံး အမိုးလန်ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၈)အုပ်စုမှ ကျေးရွာ (၁၉)ရွာတွင် ရုတ်တရက်လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ဘုန်းကြီးကျောင်း (၂)ကျောင်း အမိုးလန်ခြင်း၊ စာသင်ကျောင်းဆောင် (၃)ဆောင် ပြိုကျပျက်စီးခြင်း၊ လူနေအိမ် (၄၂၅)လုံး အမိုးလန်ခြင်းနှင့် လူနေအိမ် (၉၅)လုံး ပြိုကျပျက်စီးခဲ့ကာ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)