ရန်ကုန် နိုဝင်ဘာ ၁၉
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာ ၉ ရက် မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနား အစီအစဉ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဖျော်ဖြေတင်ဆက်မည့် “ခေတ် ၆ ခေတ်” ယိမ်းအကအစီအစဉ်၌ အမျိုးသားယဉ်ကျေး မှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ တာဝန်ယူဆောင်ရွက်မည့် ကုန်းဘောင်ခေတ်နှင့် အင်းဝခေတ်အကများကို မြန်မာ့ရိုးရာ ယဉ်ကျေးမှု နှင့်အညီ ခမ်းနားလှပစွာ တင်ဆက်ဖျော်ဖြေနိုင်ရေးအတွက် သဘင်ပညာဌာနမှ ဆရာမများကြီးကြပ်၍ ကျောင်းသူ (၁၀၀)နှင့် လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


