ပြင်ဦးလွင် ၃၀ ဇန်နဝါရီ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ သားဖွား သင်တန်းကျောင်း ( ပြင်ဦးလွင်မြို့) ပဉ္စမအကြိမ် ဘက်စုံသားဖွားဒီပလိုမာ သင်တန်းဆင်း ကျောင်းသူများ၏ ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲကို ယနေ့နံနက် ၉နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၅) ၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ်ယူမည့်သူများ ကတိပြုခြင်း၊ ဒီပလိုမာအောင်လက်မှတ် အပ်နှင်းခြင်း ခံရသူများက သူနာပြုသစ္စာအဓိဌာန် ရွတ်ဆိုကြ၍ အပတ်စဉ် (၅) ကျောင်းဆင်းများအား ကျောင်းအုပ်ကြီးက ဒီပလိုမာအောင်လက်မှတ်များ အပ်နှင်းခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင် /မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြင်ဦးလွင်ဆေးရုံအုပ်ကြီး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ဘက်စုံသားဖွား ဒီပလိုမာအောင်မြင်ခဲ့သော ကျောင်းသူများနှင့် ကျောင်းသားမိဘပြည်သူများ တက်ရောက်ကြသည်။
ဇော်မျိုးထိုက် ( ပြင်ဦးလွင် )