ရန်ကုန်၊ ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်း တွင် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ပြေးခုန်ပစ်အားကစားသမားများ အားကစားနည်း အလိုက် နည်းပြများဖြင့် စနစ်တကျ စခန်းသွင်းလေ့ကျင့်နေမှုကို တာမွေမြို့နယ်ရှိ အမျိုးသား အားကစားနှင့်ကာယသိပ္ပံ (ရန်ကုန်) ၌ သွားရောက်ကြည့်ရှုအားပေးပြီး အားကစားသမားများ အာဟာရပြည့်ဝစွာ လေ့ကျင့်နိုင်ရေးအတွက် ကြက်ဥများ ထောက်ပံ့ပေးအပ်သည်။
နေပြည်တော်၌ကျင်းပမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုပြေးခုန်ပစ်အားကစားသမား ၁၉ ဦးဖြင့် အားကစား နည်း ၁၉ မျိုး သွားရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


