ကျုံပျော်  ၂၇   စက်တင်ဘာ  

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိပ်ခရိုင်၊ ကျုံပျော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရေး ပျဉ်ချဆိပ်ကျေးရွာအုပ်စု၊ ပျဉ်ချဆိပ်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပေးလျက်ရှိရာ ယခုအခါရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ကျုံပျော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

a

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသရှိ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ ဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရန်ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းများကို ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်စ၍ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ယခုအခါ ပျဉ်ချဆိပ်ကျေးရွာများတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပေးနိုင်ခြင်းကြောင့် အဆိုပါကျေးရွာ အိမ်ခြေ(၅၀ဝ)အိမ်၊ လူဦးရေ(၂၇၅၀)ဦးတို့၏ ကျေးလက်လယ်ယာထုတ်ကုန် ဧက(၈၀ဝ)ကျော် အကျိုးပြုလျက်ရှိကြောင်း၊ အဆိုပါ လယ်ယာ ထွက်ကုန်များကို ဈေးကွက် သို့ အချိန်မီလွယ်ကူ လျင်မြန်စွာပေးပို့နိုင်မှာဖြစ်သကဲ့သို့ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်လာသဖြင့် ဒေသခံ ပြည်သူများအတွက် လယ်ယာသုံး စက်ပစ္စည်းများ သွားလာရေးနှင့် လယ်ယာထွက်ကုန်များ၏ သယ်ယူ ပို့ဆောင်ရေးများ အဆင်ပြေလျက်ရှိကြောင်း ကျုံပျော်မြို့နယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလိန်းကွီး   ကပြောသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းကို ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ(၇၀.၅)သန်းဖြင့် ကျောက်ရောမြေခင်းခြင်းလုပ်ငန်း လမ်းအရှည် (၁/၆)မိုင်၊ အကျယ်(၁၂)ပေ၊ အမြင့် (၉) လက်မထုကို တင်ဒါအောင်မြင်သည့် သိန်းပြည့်ကုမ္ပဏီမှ တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စိုးမိုးကျော်