၁၇ ဇွန်
မြန်မာနိုင်ငံတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် စိုက်ပျိုးရေဖူလုံရရှိရေး၊ ရေဘေးကာကွယ်ရေး၊ ဒေသတွင်းစိမ်းလန်းစိုပြည်ရေးအတွက် ဆည်မြောင်းတာတမံများ တည်ဆောက်ပေးခဲ့သည်။ ဤကဲ့သို့ တည်ဆောက်ပေးခဲ့ရာတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် တောင်သူလယ်သမားများ စိုက်ပျိုးရေရရှိစေရန် ရေလှောင်တမံ ၁၂ ခု၊ ရေလွှဲဆည် ရှစ်ခုနှင့် ကန်ရှစ်ကန်တူးဖော်ပေးပြီး စိုက်ပျိုးရေဖြန့်ဝေပေးနေသည်။ ဤကဲ့သို့ နေပြည်တော်တွင် တောင်သူ လယ်သမားများအတွက် စိုက်ပျိုးရေရရှိစေရန် တည်ဆောက်ပေးခဲ့သော ဆည်များထဲတွင် ပေါင်းလောင်းရေလှောင်တမံမှာ ဧကပေ ၅၄၉၄၂၀ သိုလှောင်နိုင်သဖြင့် သိုလှောင်ရေပမာဏအများဆုံး ရေလှောင်တမံတစ်ခုဖြစ်ကြောင်း သိရသည်။
ပေါင်းလောင်းရေလှောင်တမံ ဘက်စုံမီမံကိန်းကို နေပြည်တော် ပျဉ်းမနားမြို့အရှေ့ဘက် ၁၀ မိုင်အကွာ ဇေယျာသီရိမြို့နယ် ကျည်တောင်ခေါမအနီး ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက်ထားသည်။ ပေါင်းလောင်းရေလှောင်တမံသည် ပေါင်းလောင်းမြစ်ရေကြီးမှုမှ ကာကွယ်ရန်နှင့် ရေအားလျှပ်စစ် ထုတ်လုပ်ရန် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ရေအားလျှပ်စစ် ထုတ်လုပ်ရာမှ ထွက်ရှိလာသောရေများနှင့် ကြားစီးဝင်ရေများ ကို ရေလွှဲဆည်ဖြင့်ထိန်းကာ တူးမြောင်းစနစ်များမှတစ်ဆင့် ပျဉ်းမနား၊ လယ်ဝေး၊ ရေတာရှည် မြို့နယ်များရှိ စီမံကိန်းစိုက်ပျိုး ဧက ၃၅၀ဝဝ ခန့်ကို စိုက်ပျိုးရေပေးဝေရန်ဖြစ်သည်။
ပေါင်းလောင်းရေလှောင်တမံသည် ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက်ထားသည့် ကျောက်ဖြည့်တမံအမျိုးအစားဖြစ်ပြီး တမံအမြင့်မှာပေ ၄၃၀ ရှိသည်။ တမံအလျားမှာပေ ၃၁၀ဝ ဖြစ်သည်။ ရေဆင်းဧရိယာ ၁၇၁၀ စတုရန်းမိုင်ဖြစ်သည်။ နှစ်စဉ် ပျမ်းမျှ မိုးရေချိန်မှာ ၅၅ လက်မခန့်ရှိသည်။ ပေါင်းလောင်းရေ လှောင်တမံဘက်စုံစီမံကိန်းမှ ရေအားလျှပ်စစ်ထုတ်လုပ်ရန် အတွက် စက်တပ်ဆင်အင်အား ၇၀ မဂ္ဂါဝပ် စက်လေးလုံးဖြင့် နှစ်စဉ်ပျမ်းမျှလျှပ်စစ်ဓာတ်အား ၉၁၁ ကီလိုဝပ်နာရီသန်းပေါင်း ထုတ်လွှတ်ရန် လျာထားခဲ့သည်။ ယခုအခါ လျာထားချက်ထက် ပိုမိုထုတ်လွှတ်ပေးလျက်ရှိကြောင်း သိရသည်။
ပေါင်းလောင်းတမံဘက်စုံစီမံကိန်း၏ ရေပိုလွှဲမှာ သံကူကွန်ကရစ် (Ogee Crested Supped Spillway) ပုံစံဖြစ်ပြီး အကျယ် ၄၁၈ ပေနှင့် အလျား ၁၆၀၈ ပေရှည်လျားကာ ရေပိုလွှဲ၏ ဒီဇိုင်းရေထုစီးနှုန်းမှာ ၁၇၆၆၀ဝ ကုဗပေစက္ကန့်ရှိသည်။ ရေပို လွှဲတွင် Ogee Step လေးခုဖြင့် အဆင့်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဆည်တည်ဆောက်ပြီး နောက်ပိုင်းကာလ ပျဉ်းမနား၊ လယ်ဝေး၊ ရေတာရှည်မြို့ နယ်များမှ တောင်သူလယ်သမားများအား အကျိုးပြုနေသည့် ပေါင်းလောင်းရေလှောင်တမံမြန်မာနိုင်ငံတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် စိုက်ပျိုးရေဖူလုံရရှိရေး၊ ရေဘေးကာကွယ်ရေး၊ ဒေသတွင်းစိမ်းလန်းစိုပြည်ရေးအတွက် ဆည်မြောင်းတာတမံများ တည်ဆောက်ပေးခဲ့သည်။ ဤကဲ့သို့ တည်ဆောက်ပေးခဲ့ရာတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် တောင်သူလယ်သမားများ စိုက်ပျိုးရေရရှိစေရန် ရေလှောင်တမံ ၁၂ ခု၊ ရေလွှဲဆည် ရှစ်ခုနှင့် ကန်ရှစ်ကန်တူးဖော်ပေးပြီး စိုက်ပျိုးရေဖြန့်ဝေပေးနေသည်။ ဤကဲ့သို့ နေပြည်တော်တွင် တောင်သူ လယ်သမားများအတွက် စိုက်ပျိုးရေရရှိစေရန် တည်ဆောက်ပေးခဲ့သော ဆည်များထဲတွင် ပေါင်းလောင်းရေလှောင်တမံမှာ ဧကပေ ၅၄၉၄၂၀ သိုလှောင်နိုင်သဖြင့် သိုလှောင်ရေပမာဏအများဆုံး ရေလှောင်တမံတစ်ခုဖြစ်ကြောင်း သိရသည်။
ဆည်တည်ဆောက်ပြီးနောက်ပိုင်းကာလ များအတွင်း မှတ်တမ်းများအရ ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် အများဆုံးရေကျော်မှတ်အဖြစ် ရေပိုလွှဲမှ ၈ ဒသမ ၂ ပေ ခန့် ကျော်ခဲ့သည်ဟု သိရသည်။ မူလဒီဇိုင်းသတ်မှတ်ချက်နှင့် နှိုင်းယှဉ်ပါက ရေကျော်သည့်ပမာဏမှာ ၂၅ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ကြောင်း သိရသည်။
ရေလွှဲဆည်မှတစ်ဆင့် တူးမြောင်းစနစ်များဖြင့် ပျဉ်းမနား၊ လယ်ဝေး၊ ရေတာရှည်မြို့နယ်များအတွင်းရှိ စိုက်ပျိုးမြေ များအတွက် လက်ဝဲ/လက်ယာ တူးမြောင်းမကြီး အလျား ၅၉ မိုင်၊ လက်တံမြောင်း စုစုပေါင်းအရှည် ၁၂၆ မိုင်တို့ဖြင့် ရေပေး ဝေလျက်ရှိသည်။ ဆည်ရေသောက်စနစ် တည်ဆောက်ခြင်း လုပ်ငန်းကို ၂၀ဝ၆ ခုနှစ်တွင် စတင်၍ ၂၀၁၈ ခုနှစ်တွင် အပြီး တည်ဆောက်ခဲ့သည်။ ဆည်ရေသောက်စနစ် တည်ဆောက် နေစဉ်အတွင်း နွေစပါး၊ မိုးစပါး စိုက်ပျိုးရေများကို ပြီးစီးသည့် တူးမြောင်းပိုင်းလိုက် ရေပေးဝေခဲ့သည်။
ပေါင်းလောင်းဆည်ရေသောက်စနစ် တည်ဆောက်နေ စဉ်ကာလအတွင်းမှာပင် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုငွေကြေးရန်ပုံငွေအဖွဲ့ (IFAD)၏ ချေးငွေဖြင့် နေပြည်တော် ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်များတွင်ရှိသော ပေါင်းလောင်းဆည်ရေသောက်ဧရိယာအတွင်းတွင် ယနေ့ အထိ စနစ်ကျလယ်ယာမြေ စုစုပေါင်းဧက ၂၃၄၀ ကို ဖော်ထုတ် ဆောင်ရွက်နိုင်ခဲ့သည်။ တောင်သူများအတွက် ခေတ်မီလယ်ယာ သုံးစက်ကိရိယာများကို တွင်ကျယ်စွာ အသုံးပြုနိုင်တော့မည့်အပြင် ခေတ်မီသိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များကို တိကျစွာ လိုက်နာခြင်းဖြင့် အထွက်နှုန်းတိုးတက်ကာ တောင်သူများ၏ လူမှုစီးပွားရေး တိုးတက်ရန်အတွက် ဤပေါင်းလောင်းရေ လှောင်တမံစီမံကိန်းကြီးက အကျိုးပြုဖြည့်ဆည်းပေးနေသဖြင့် တောင်သူလယ်သမားများမှာ မြေကြီးမှ ရွှေသီးမည့်ခေတ်ကို ရောက်ရှိလာမည်မှာ သေချာလှပေသည်။
မိုးရာသီကာလတွင် နေပြည်တော်အတွင်းရှိ ဆည်ကန်များနှင့် ပတ်သက်၍ ပြည်သူများ စိုးရိမ်ရမည့် မမှန်မကန်သတင်းများကို မယုံကြည်ရန်နှင့် ဆည်ကန်များ၏ ပကတိအခြေအနေ သတင်းမှန်များကို သိရှိနိုင်ရန် လူမှုကွန်ရက်တွင် နေပြည်တော် ဆည်မြောင်းဟူသော Page တစ်ခု ထူထောင်ပြီး နေပြည်တော် အတွင်းရှိ ဆည်ကန်များ၏ အခြေအနေမှန်များကို အချိန်နှင့် တစ်ပြေးညီ တင်ပြပေးနေကြောင်း သိရသည်။
ပေါင်းလောင်းရေလှောင်တမံမှာ မြန်မာနိုင်ငံတွင် ကြီးမား၍ ကြံ့ခိုင်မှုရှိသော ရေလှောင်တမံကြီးဖြစ်သည်။ တောင်သူလယ်သမားများသည် ပေါင်းလောင်းရေလှောင်တမံမှ ရေဖြင့် မိုးစပါး၊ နွေစပါး၊ ပဲ၊ ပြောင်း၊ နှမ်းစသော သီးထပ်သီးညှပ် သီးနှံများကို စိုက်ပျိုးပြီး တောင်သူတစ်ဦးချင်း၏ ဝင်ငွေနှင့် လူမှုစီးပွား တိုးတက်ကာ ဒေသအတွင်း စိမ်းလန်းစိုပြည်သော သဘာဝ အလှများဖြင့် ပြည့်စုံနေသည်ကို တွေ့ရသည်။
တင်လှိုင်(မိတ္ထီလာ)