နေပြည်တော် မတ် ၆ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မေ ၅ ရက် ညနေ ၄ နာရီတွင် ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာအုပ်စု၊ ဈေးကုန်းကျေးရွာနေ ကျော်လှိုင်(ခ)မဲကြီး ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်မီးဖိုခန်းအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁,၀၃၇ ပြား ကိုလည်းကောင်း။

အလားတူ မေ ၅ ရက် နံနက်  ၆ နာရီတွင် နမ့်ခမ်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ မူဆယ်-နမ့်ခမ်းသွားပြည်ထောင်စု ကားလမ်းကြီး၊ မိုင်တိုင်အမှတ်(၃၀၁/၄)အနီးတွင် ငွါးဆာ(ခ)အားဆာ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ရှေ့ ဝဲ/ယာဒူးကာအတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁,၆၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား