ဉတ္တရသီရိ ၁ ဇူလိုင်
နေပြည်တော် ဥတ္တရသီရိ မြို့နယ် မင်းကုန်းကျေးရွာအုပ်စု ပျဉ်းမနား-တောင်ညို ကားလမ်းမဘေး အိမ်ရှင် ဦးမိုးလွင် ၏ နေအိမ်တွင် ဇွန်လ ၂၈ ရက်တွင် စက်ရေတွင်း စတင်တူးဖော်ခဲ့ရာ ယနေ့ နံနက် ၉ နာရီတွင် ၂ လက်မ စက်ရေတွင်းမှ ပေ ၃၈၀ အနက်တွင် မီးလောင်နိုင်သော အမည်မသိဓာတ်ငွေ့နှင့် ရေများထွက်လာကြောင်း သတင်းရရှိပါသဖြင့် ဥတ္တရခရိုင်မီးသတ်ဦးစီးမှူး ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသက်နောင် ဦးဆောင်၍ သွားရောက်ပြီး Gas Detector ဖြင့်တိုင်းတာခြင်းများ သွားရောက်ပြုလုပ်ခဲ့ကြောင်း နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ သတင်းရရှိသည်။
အဆိုပါရေတွင်းမှ CH4 မီသိန်းဓာတ်ငွေ့များ ထွက်နေကြောင်း တိုင်းတာစစ်ဆေးတွေ့ရှိရသဖြင့် လူနေအိမ်နှင့် အဆောက်အဦးများမီးဘေးစိုးရိမ်ရသဖြင့် မီးသတ်ယာဉ် ၁ စီးနှင့် အသင့်စောင့်နေပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဌာနသို့ ဆက်လက်သတင်းပေးပို့ထားရှိကြောင်း သိရသည်။
MDN
Crd, နေပြည်တော်မီးသတ်ဦးစီးမှူးရုံး


