နေပြည်တော်၊ ၁၂ မေ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ရထားစီးခရီးသွားမိဘပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် ရထားများပြေးဆွဲပေးလျက်ရှိရာ ယခုထပ်မံ၍ ပျဉ်းမနား - တောင်တွင်းကြီး လမ်းပိုင်း၌ အမှတ်(၁၀၃) အဆန်၊ အမှတ်(၁၀၄) အစုန် RBE ရထားအား ပြေးဆွဲပေးသွားမည်ဖြစ်သည်။
မေ ၁၅ ရက်မှစ၍ ပျဉ်းမနား - တောင်တွင်းကြီး - ပျဉ်းမနား ခရီးစဉ်၌ အမှတ် (၁၀၃) အဆန်၊ အမှတ် (၁၀၄) အစုန် ရထားအား RBE (၂)တွဲဖြင့် စတင်ပြေးဆွဲပေးမည်ဖြစ်ပြီး အမှတ်(၁၀၃) အဆန်ရထားသည် ပျဉ်းမနားမှ နေ့စဉ် နံနက် ၆ နာရီ ထွက်ခွာပြီး တောင်တွင်းကြီးသို့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။
အဆိုပါ ရထားသည် အမှတ်(၁၀၄) အစုန်ရထားအဖြစ် တောင်တွင်းကြီးမှ နေ့စဉ် မွန်းတည့် ၁၂ နာရီ ထွက်ခွာ၍ ပျဉ်းမနားသို့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ပြီး ဘူတာစဉ် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


