နေပြည်တော်  ၂၈ စက်တင်ဘာ

           

ပြည်တောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ပျဉ်းမနားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ယနေ့ ညနေ (၄)နာရီက ပျဉ်းမနားမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ အမှတ်(၈၅) ခြေလျင်တပ်ရင်းအနီးရှိ ငလိုက်ချောင်းတံတား ဆောက်လုပ်နေမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

           

ထို့သို့ကြည့်ရှု့စစ်ဆေးရာတွင် တံတားအား တာဝန်ခံဆောက်လုပ်သည့် ရွှေတောင်ဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီမှ ဆောက်လုပ်ရေးတာဝန်ခံက တံတားဆိုင်ရာအချက်အလက်များ၊ တံတားပြီးစီးမှု အခြေအနေများနှင့် ရှေ့ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး၊ ငလိုက်ချောင်းတံတား အလှူရှင် “စိုး’’လျှပ်စစ်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးကျော်မင်းထွန်းက တံတား အမြန်ဆုံး ပြီးစီးနိုင်ရန်အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

           

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အရှည်(၃၄၅)ပေ၊ အကျယ် ယာဉ်သွားလမ်း ( ပေ ၅၀၊ ၄ လက်မ) လူသွားလမ်း(၆)ပေရှိ အပေါ်ထည်သံကူကွန်ကရစ်ယက်မနှင့် သံမဏိသံပေါင်ယက်မ(R.C Girder & Plate Girder)(၄)လမ်းသွား တံတားဆောက်လုပ်နေမှုအား ကြည့်ရှု့စစ်ဆေးပြီး သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ်ရန်နှင့် အမြန်ဆုံးပြီးစီးအောင် ဆောက်လုပ်သွားကြရန် မှာကြားခဲ့သည်။

 

သတင်း-မင်းမင်းလတ်(မန်းတက္ကသိုက်)

ဓာတ်ပုံ-စိုးမိုးအောင်