နေပြည်တော် ဩဂုတ် ၁၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိူးတင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ဒက္ခိဏခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ပျဉ်းမနားမြို့၊ ဈေးကုန်းဘုန်းတော်ကြီးကျောင်းတိုက် အတွင်းရှိ ပျဉ်းမနားမြို့ ပရဟိတအသင်းပိုင် အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင် ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပျဉ်းမနားမြို့ပရဟိတအသင်းပိုင် အောက်ဆီဂျင်စက်ရုံ ဥက္ကဋ္ဌ ဦးတေဇာအောင်က စက်ရုံလည်ပတ်နေမှု၊ အောက်ဆီဂျင်ထုတ်လုပ်ပုံ ထုတ်လုပ်နည်း အဆင့်ဆင့်နှင့် ဖြန့်ဖြူးရောင်းချနေမှုကို ရှင်းလင်းတင်ပြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က လိုအပ်သည်များကို မှာကြားသည်။
အဆိုပါ အောက်ဆီဂျင်ထုတ်လုပ်သည့်စက်မှာ တရုတ်နိုင်ငံထုတ် PSA အမျိုးအစား Mobile Oxygen ထုတ်စက် 30m3/hr ထုတ်လုပ်မှုစွမ်းအား-120/24hr၊ NZOအမျိုးအစားဖြစ်ပြီး တစ်ရက်လျှင် အောက်ဆီဂျင်လီတာ ၄၀ ဆံ့အိုး ၁၀၀ ခန့် ထုတ်လုပ်နိုင်ရာ ထွက်ရှိသည့် အောက်ဆီဂျင်အိုးများထဲမှ ၂၅ လုံး ကို လိုအပ်လျက်ရှိသည့် ဘုန်းတော်ကြီးကျောင်းများ၊ သံဃာဆေးရုံများကို အခမဲ့လှူဒါန်းပေးပြီး ကျန်အောက်ဆီဂျင်အိုးများကို တစ်လုံးလျှင် ငွေကျပ် ၇၀၀၀ ဖြင့် ပရဟိတအဖွဲ့များနှင့် အောက်ဆီဂျင်လိုအပ်သည့် ပြည်သူများသို့ ဖြန့်ဖြူးရောင်းချ လျှက်ရှိကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်


