ပျဉ်းမနားမြို့ ရန်နိုင် ၁ ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

ပျဉ်းမနား ၁၄ ဖေဖော်ဝါရီ

 

ယနေ့ နံနက် ၁၁ နာရီခန့်က ပျဉ်းမနားမြို့ ရန်နိုင်(၁)ရပ်ကွက် ဘူတာလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး နံနက် ၁၁ နာရီ ၁၄ မိနစ်တွင် Level 2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ကနဦးသတင်းအရ သိရသည်။

 

MDN