ပျဉ်းမနားမြို့အရှေ့ခြမ်း လမ်းပမ်းဆက်သွယ်ရေးခက်ခဲသည့် တောင်ပေါ်ဒေသကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး

ပျဉ်းမနား  ဧပြီ  ၂၅

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် လွှမ်းခြုံထိုးနှံနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် သတ်မှတ် ဆေးထိုး စုရပ်များအလိုက်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်ရာ ပျဉ်းမနားမြို့နယ်အနေဖြင့် လက်ရှိအချိန်အထိ  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(၈၈)ရာခိုင်နှုန်းကျော် ထိုးနှံပြီးစီးပြီဖြစ်ပြီး ရာနှုန်းပြည့် ထိုးနှံ ပြီးစီးရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် ဆေးထိုးအဖွဲ့(၁၀)ဖွဲ့နှင့် ကွင်းဆင်းထိုးနှံပေး လျက်ရှိသည့်အပြင် ပျဉ်းမနားမြို့အရှေ့ခြမ်း လမ်းပမ်းဆက်သွယ်ရေးခက်ခဲသည့် တောင်ပေါ်ဒေသ ကျေးရွာအုပ်စု (၇) အုပ်စုအတွင်းရှိ ကျေးရွာ(၅၈)ရွာတို့တွင်လည်း ဆေးထိုးအဖွဲ့(၅)ဖွဲ့ကိုဖွဲ့စည်းကာ ဧပြီလ(၂၁)ရက်နေ့မှ(၂၉)ရက်နေ့အထိ  စုရပ်များသတ်မှတ်ကာ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

 

 (မြို့နယ်ပြန်/ဆက်)