နေပြည်တော် ၁၄ အောက်တိုဘာ

ပြည်တောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့အတွင်းရှိ ရွှေချီရပ်ကွက်နှင့် ရွာကောက်ရပ်ကွက်တို့အား ဆက်သွယ်ထားသည့် ငလိုက်ချောင်း (၉)လမ်းတံတားကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီရန်ပုံငွေ ကျပ် (၄၂၄)သန်းဖြင့် အရှည် ၁၄၀ ပေ၊ အကျယ် ၂၇ ပေ၊ ယာဉ်သွားလမ်း ၂၄ ပေ၊ လူသွားလမ်း (၃)ပေရှိ အပေါ်ထည် သံကူကွန်ကရစ်ယက်မနှင့် သံကူကွန်ကရစ်ကြမ်းခင်းတံတား ရာနှုန်းပြည့်ပြီးစီး၍ ယနေ့ နံနက်ပိုင်းမှစတင်ကာ ဖြတ်သန်းသွားလာခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ စတင်ဖြတ်သန်း သွားလာခွင့်ပြုရာတွင် ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တံတား၏ ကြံ့ခိုင်မှု၊ ယာဉ်များ၊ တံတားအသုံးပြုသူ ပြည်သူများ သွားလာရာတွင် အခက်အခဲ ရှိ/မရှိတို့နှင့် တံတားအား သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ်ခြင်း ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး စတင်ဖြတ်သန်းသွားလာခွင့် ပြုလိုက်ကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)