နေပြည်တော်    ၇  ဇန်နဝါရီ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနနှင့် JEK ပညာဒါနသင်တန်းတို့ ပူးပေါင်းဖွင့်လှစ်လျက်ရှိသည့် ဘာသာစကားသင်တန်းများတွင် တက်ရောက်လျက်ရှိသော သင်တန်းသား၊ သင်တန်းသူများအား ဘာသာစကားများသင်ကြားရာတွင် စာတွေ့သင်ကြားရုံသာမက လက်တွေ့ပြောဆိုနိုင်သည့် စွမ်းရည်များမြှင့်မားတိုးတက်စေရန်ရည်ရွယ်၍ ဂျပန်ဘာသာစကားပြောစွမ်းရည်ပြိုင်ပွဲကို ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပသည်။

 

mdn

 

ရှေးဉီးစွာ ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဉီးစီးအရာရှိ ဒေါ်သီတာအေးက အဖွင့်အမှာစကား ပြောကြားရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန နှင့် JEK ပညာဒါန သင်တန်းတို့ပူပေါင်းပြီး ဂျပန်၊ အင်္ဂလိပ်၊ ကိုရီးယားဘာသာစကားသင်တန်းတွေကို လစဉ် စနေ၊ တနင်္ဂနွေ နေ့တိုင်း နံနက်(၇)နာရီမှ ညနေ(၆)နာရီထိ သင်ကြားပေးလျက်ရှိပြီး သင်တန်းသား၊ သင်တန်းသူများ စွမ်းရည် မြင့်မားတိုးတက်စေရေးအတွက်လည်း ယခုလိုပြိုင်ပွဲများကို ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် နောက်ထပ်ဘာသာစကားသင်တန်းများ၊ ကွန်းပျူတာသင်တန်းများနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး၊ JEK ပညာဒါနသင်တန်းမှ ဆရာဉီးတေဇာထွန်းက ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

mdn

 

ဆက်လက်၍ ဂျပန်ဘာသာစကားပြောစွမ်းရည်ပြိုင်ပွဲကို ကျင်းပရာ သင်တန်းသား၊ သင်တန်း သူ(၁၅)ဉီး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဉီးဇော်ဖြိုးအောင်၊ ကိုရီးယားနိုင်ငံမှ Vonunteer နည်းပြဆရာမ Ms; Ha Jin နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးသည်။

 

mdn

 

အဆိုပါ အခမ်းအနားသို့ JEK ပညာဒါနသင်တန်းမှ နည်းပြဆရာ၊ ဆရာမများနှင့် ဂျပန်၊ အင်္ဂလိပ်၊ ကိုရီးယားဘာသာစကားသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။

 

စိုးမိုး(ပြန်/ဆက်)