ပျဉ်းမနားမြို့နယ် ပုရွက်ဆိတ်ကုန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

ပျဉ်းမနား ၁၉ ဖေဖော်ဝါရီ 


နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးအုပ်စု၊ ပုရွက်ဆိတ်ကုန်း ကျေးရွာတွင် ယနေ့နံနက်  ၁၀ နာရီ ၁၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် နှစ်လုံးနှင့် စပါးကျီ တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်မှာ ပုရွက်ဆိတ်ကုန်းကျေးရွာ၊ ဒေါ်ဆန်းလှိုင်နေအိမ်မှ လျှပ်စစ်ဟင်းချက်ဒယ်အိုးဖြင့် ဟင်းချက်နေရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ မီးလောင်မှုအား နေပြည်တော် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် ၄၀ နှင့် မီးသတ်ယာဉ် ၈ စီး၊  မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် ၁၀ နာရီခွဲတွင်  မီးညွန့်ကျိုးကာ ၁၀ နာရီ မိနစ် ၄၀ တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
                                                                     

စိုးမိုး(ပြန်/ဆက်)

 

123