နေပြည်တော်  ၂၄     စက်တင်ဘာ 


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မူလရန်ပုံငွေကျပ် (၆၆၀)သိန်းကျော်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းခွဲများအား ယနေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးလှထွေးနှင့် တာဝန်ရှိသူများမှ  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 


ထို့သို့ကွင်းဆင်စစ်ဆေးရာတွင် နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)နှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသော နတ်သူရဲကျေးရွာအုပ်စု၊ ပေါစံခေါကျေးရွာကျေးရွာ ကုန်ထုတ်လမ်း အရှည်(၃၉၀ဝ)ပေ၊ ကုန်ထုတ်လမ်း အမှတ်(၅)၊ အမှတ်(၇)အရှည်(၁၁၂၆၀)ပေ၊ အကျယ်(၁၂)၊ ထုထည်(၉)လက်မရှိ ရိဇာခင်းခြင်းလုပ်ငန်းများနှင့် စက်ရေတွင်းတူးခြင်း၊ စင်မြင့်ရေစင် တည်ဆောက်ခြင်းနှင့် ရေတင်စက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်လျှက်ရှိသည့်  မကျည်ပင်ကွင်းကျေးရွာ၊ ငကောင်းကံကျေးရွာနှင့် ကြို့ပင်အလယ် ကျေးရွာများကို ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းများအား သက်မှတ်ကာလအတွင်း အချိန်မှီပြီးစီးရေး၊ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်လုပ်ကိုင်သွားကြရန်နှင့် ဆောင်ရွက်ပြီးစီးပါက ရေရှည်တည်တံ့ခိုင်မြဲရန် ကျေးရွာနေ ပြည်သူများမှ ထိန်းသိမ်းသွားကြရန်  မှာကြားခဲ့ကြောင်း သိရသည်။


စိုးမိုး(ပြန်/ဆက်)