ပျဉ်းမနား ဇန်နဝါရီ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးကြိုသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။
“ပျဉ်းမနားမြို့နယ်အတွင်းရှိ လယ်ယာလုပ်ငန်းခွင်သို့ဝင်ကြမည့် တောင်သူများအတွက် အချိန်နှင့် တစ်ပြေးညီ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန်နှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အချိန်စေ့ရောက်ချေးငွေပြေကြေသူများကို တစ်ဧကလျှင်(၁)သိန်းကျပ် နှုန်းဖြင့် မိုးကြိုသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း” မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်နန့်တင်စန်း ထံမှ သိရသည်။
မျိုးသီဟ(ပြန်/ဆက်)