နေပြည်တော်  ၂၇  ဇန်နဝါရီ

 

အခြေခံ အင်္ဂလိပ်စကားပြောသင်တန်း၊ အလယ်အလတ်အဆင့် အင်္ဂလိပ်စကားပြောသင်တန်း၊ အခြေခံ ဂျပန်စကားပြောသင်တန်းနှင့် ကိုးရီယားဘာသာ စကားပြောသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ပျဉ်းမနားမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

112

 

အခမ်းအနားတွင် သင်တန်းအသီးသီး၌ ထူးချွန်ဆုရရှိသူများနှင့် အောင်မြင်သူများကို နေပြည်တော်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်နှင့် ထူချွန်းဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

 

6551

 

သင်တန်းဆင်းပွဲသို့ နေပြည်တော်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်း၊ ခရိုင်၊ မြို့နယ် ဦးစီးမှူးများ၊ မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး၊ JEK ဘာသာစကားသင်တန်းအဖွဲ့ နည်းပြဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)