နေပြည်တော် ၂၁ ဇူလိုင်

စာရေးဆရာ ဖေမြင့်၏ “စိတ်ဓာတ်နှင့် နည်းနာ” စာအုပ် စာဖတ်ဝိုင်း ဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

3

 

အခမ်းအနားတွင် နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးဇော်ဖြိုးအောင်မှ စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

5

 

ထို့နောက် စာရေးဆရာ ဖေမြင့်၏ “စိတ်ဓာတ်နှင့် နည်းနာ” စာအုပ်နှင့် ပတ်သက်၍ ပျဉ်းမနားမြို့နယ်၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြစ်သည့် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ဇော်ဝင်းမှ “တီထွင်သူများနှင့် ကြွက်ထောင်ချောက်’’ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး(ငြိမ်း) ဦးမောင်မောင်တာ (စာရေးဆရာ-သဘာဝ)က “ ရဲရဲတင်းတင်းသာလုပ်ပါ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးအောင်နိုင်ဦး (ကဗျာဆရာ-အောင်မိုး၊ ပျဉ်းမနား) မှ “လူငယ်နှင့် တိုးတက်ကြီးပွားရေး” ခေါင်းစဉ်တို့ဖြင့်  အသီးသီး ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များက စာရေးဆရာ ဖေမြင့်၏ “စိတ်ဓာတ်နှင့် နည်းနာ” စာအုပ်မှ မိမိတို့ဖတ်သားထားသည့် အကြောင်းအရာများကို ပြန်လည်မျှဝေ ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ပျဉ်းမနား(ပြန်/ဆက်)