ပျဉ်းမနား  ၁၁  မေ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်သူများအား အာဟာရပြည့် တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများကို ရောင်းချပေးလျက်ရှိရာ ယနေ့၊ နံနက်ပိုင်းတွင် အမှတ်(၉၃၅) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းမှ ပျဉ်းမနားမြို့၊ အာဟာရသုခဈေးတွင် ထမင်းနှင့် ဟင်းလေးမျိုးပါ တစ်ပွဲကို လေးရာကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ရောင်ချပေးရာတွင် ထမင်းတစ်ဘူးလျှင် ငါးဟင်း၊ အစိမ်းကြော်၊ ဘာလချောင်ကြော်နှင့် သီးစုံပဲဟင်းတို့ ပါဝင်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ရောင်းချ ပေးလျက်ရှိသည်။

 

ထိုသို့ရောင်းချပေးရာ၌ ပျဉ်းမနားမြို့နယ်တွင် အာဟာရသုခဈေး၊ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၊ လယ်ဝေးမြို့နယ်တွင် ဈေးမီးပွိုင့်၊ တပ်ကုန်းမြို့နယ်တွင် ကုန်ဈေးတန်းအနီး၊ ပြည်စံအောင်ဈေးနှင့် ပုဗ္ဗသီရိမြို့နယ်တွင် အငြိမ်းစားဆေးရုံအနီး စသည့် နေရာ ခြောက်နေရာတွင် သက်မှတ်နေ့ရက်အလိုက်  မေ ၃၀ ရက်နေ့အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)