နေပြည်တော်  ၃၀  ဧပြီ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ဧပြီ ၂၉ ရက် ညနေ ၆ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကံဦးကျေးရွာအုပ်စု၊ ကံဦးကျေးရွာအတွင်းရှိ ပျဉ်းမနား-လယ်ဝေး လမ်းဟောင်းပေါ်မှ ဆက်သွယ်ရေးတိုင်လေးတိုင်နှင့် အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်း ဆောင်ပေါ်သို့ စိန်ပန်းပင်ပြိုလဲသဖြင့် ကျောင်းဆောင်သွပ်မိုးများပျက်စီးသွားကြောင်း သိရသည်။

 

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ဆက်သွယ်ရေးတိုင်များပျက်စီးပြီး ကျောင်းဆောင်အမိုးများ ပျက်စီးမှုကို မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူများ သွားရောက်ရှင်းလင်းခဲ့ပြီး အလားတူ ဘောဂဝတီရပ်ကွက်၊ နယ်မြေ(၃)၊ လမ်း(၂၀)တွင် သကြားပင်ပြိုလဲ၍ လမ်းပိတ်ဆို့မှု ဖြစ်ပွားရာ ရွာကောက်ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက သွာရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)