နေပြည်တော်  ၁   အောက်တိုဘာ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းကာ လူထုဗဟိုပြုစီမံကိန်း(စတုထ္တစက်ဝန်း)တွင် ဆောင်ရွက်ထားသည့် လုပ်ငန်းများအား ပြည်သူများ သိရှိနိုင်ရန်အတွက် သတင်းပြန်ကြား ဆက်သွယ်ရေးဆိုင်ရာမှတ်တမ်းဓာတ်ပုံများပြပွဲကို ယနေ့၊ နံနက်ပိုင်းတွင် ညောင်ပင်သာကျေးရွာ အုပ်စု၊ ညောင်ပင်သာကျေးရွာအတွင်းရှိ အားကစားကွင်း၌ ကျင်းပသည်။

 

ရှေးဦးစွာ ပျဉ်းမနားမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ (နည်းပညာ) ဒေါ်နွယ်မိုးသူက သတင်းပြန်ကြားဆက်သွယ်ရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံများပြပွဲ ကျင်းပ ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်လူထုဗဟိုပြုစီမံကိန်းနည်းပညာ အကြံပေးအဖွဲ့ခေါင်းဆောင်မှ မှတ်တမ်းပုံများအား ရှင်းလင်းပြောကြားပေးသည်။

 

ယင်းနောက် တက်ရောက်လာသူများက ခင်းကျင်းပြသထားသည့် လူထုဗဟိုပြုစီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ဖြန့်ဝေသည့်ပစ္စည်းများနှင့် မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှု့ လေ့လာကြသည်။

 

ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် လူထုဗဟို ပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူးများ၊ စည်းရုံးရေးမှူးများက တက်ရောက်လာသူများအား စီမံကိန်းဆိုင်ရာအချက်အလက်များအား မေးမြန်ပြီး အဖြေမှန်သူများအား လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)