ပျဉ်းမနားမြို့နယ်နှင့် မဘိမ်းမြို့နယ်တို့တွင် တရားမဝင် ကျွန်းသစ်များ ပိုင်ရှင်မဲ့ဖမ်းဆီးရမိ

နေပြည်တော် ၁၉ ဖေဖော်ဝါရီ 

 


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိရာ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အရ ဖေဖော်ဝါရီ ၁၈ ရက်တွင် ပျဉ်းမနားမြို့နယ်နှင့် မဘိမ်းမြို့နယ်များ၌ တရားမဝင်သစ်များကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိကြောင်း သိရသည်။

 


ပျဉ်းမနားမြို့နယ် သစ်တောဦးစီးအရာရှိ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ပျဉ်းမနားမြို့နယ်နှင့် ပင်လောင်းမြို့နယ်အစပ် ဧရိယာများတွင် တရားမဝင်သစ် ရှာဖွေဖမ်းဆီးခြင်း ဆောင်ရွက်ရာ သင်္ဂဒူ/ ကညင်ခွဲသား (၉၃)ချောင်း (၁၄ ဒသမ ၂၂၈)တန်ကို ဖမ်းဆီးရမိခဲ့သည်။ အလားတူ မဘိမ်းမြို့နယ်၊ ကျောက်မဲခရိုင်၊ သစ်တောဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ကွင်းချောင်းကြိုးဝိုင်းအတွင်းမှ  ကျွန်းသစ် (၇၅)လုံး (၁၃ ဒသမ ၉၀၂)တန်ကို ဖမ်းဆီးရမိခဲ့သည်။

 


သစ်တောဦးစီးဌာနအနေဖြင့် တရားမဝင်သစ်ထုတ်လုပ်သူ တရားခံများအား စုံစမ်းဖေါ်ထုတ်လျက်ရှိပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 


မျိုးသူဟိန်း