နေပြည်တော် ၁၀ ဇန်နဝါရီ
နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများဦးဆောင်၍ ပျဉ်းမနားမြို့၊ ခုတင်(၂၀ဝ)ဆေးရုံအုပ်ကြီးနှင့် အစားအသောက် နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတို့ ပူးပေါင်းအဖွဲ့မှ ဆေးကုသမှုလိုင်စင်မရှိဘဲ ဆေးခန်းဖွင့်လှစ် ကုသနေကြောင်း သတင်းအရ ဇန်နဝါရီ ၅ ရက်က ဦးတင်စိုး ဖွင့်လှစ်ထားသည့် ပျဉ်းမနားမြို့ မင်္ဂလာရပ်ကွက်ရှိ “သုခဝတီ”ဆေးဆိုင်အား လည်းကောင်း၊ ဦးလင်းအောင် ဖွင့်လှစ်ထားသည့် သာယာကုန်း(၂)ရပ်၊ ရွာကောက် ရပ်ကွက်၊ ပျဉ်းမနားမြို့၊ “အောင်”ဆေးဆိုင် အားလည်းကောင်း ဝင်ရောက်စစ်ဆေးခဲ့ရာ ဦးတင်စိုးနှင့် ဦးလင်းအောင်တို့သည် ဆေးကုသမှု လိုင်စင်မရှိဘဲ ကုသမှုပြုလုပ်ခြင်း၊ စစ်ဆေး တွေ့ရှိရသဖြင့် ဆေးရုံအုပ်ကြီးမှ တရားလို ပြုလုပ်တိုင်တန်းခဲ့သည်။
ပျဉ်းမနားမြို့ ခုတင်(၂၀ဝ)ဆံ့ ဆေးရုံအုပ်ကြီး၏ တိုင်ကြားမှုအပေါ် ဦးတင်စိုး နှင့် ကိုလင်းအောင် တို့အား ပျဉ်းမနားမြို့မ ရဲစခန်းမှ မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေပုဒ်မ ၅၈ဖြင့် လည်းကောင်း၊ အမျိုးသား ဆေးဝါးဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်လှစ်စစ်ဆေး ဆောင်ရွက်လျှက်ရှိ ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)