နေပြည်တော်  ၂၅  ဇူလိုင်

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများထဲမှ မဲဆန္ဒရှင်စာရင်းတွင ်အမည်ပါဝင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းမှစ၍ သစ်တွန်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပျဉ်းမနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာရုံး ဦးစီးအရာရှိ ဦးနေထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်နိုင်ငံသား စိစစ်ရေးကော်မတီ အဖွဲ့ဝင်များ လိုက်ပါကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ စာရင်းတွင် အမည်ပါပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိဟု ဖော်ပြထားသူများအား ကွင်းဆင်းစစ်ဆေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမလုပ်ရ သေးသူများကို ဆောင်ရွက်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်ပြီး မည်သည်ကတ်ပြားမျှ မကိုင်ဆောင်ရ သေးသူများကို ရရှိသင့်သည် ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် လုပ်ငန်းစီမံချက်ရေးဆွဲပြီး ဉပဒေလုပ်ထုံလုပ်နည်းများနှင့်အညီ နိုင်ငံသားစိစစ်ရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်‌ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းကာ ရပ်ကွက်/ကျေးရွာများအလိုက်ခွဲ၍ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများကို ကွင်းဆင်းဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ သိရသည်။

 

စိုးမိုး