နေပြည်တော်၊ ၁၂ ဒီဇင်ဘာ
နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ ရာဇဌာနီလမ်းဘေး သပြေတောင် ဘုန်းကြီးကျောင်းအနီး၌ ဒီဇင်ဘာလ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ က မြက်ခြောက် ပင်များမှတစ်ဆင့် ပေ(၁၀၀)ပတ်လည်ခန့် တောမီးလောင်ကျွမ်းကြောင်း သတင်းအရ ရွာကောက်နယ် မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၂ စီးဖြင့် သွားရောက်ဝိုင်းဝန်းငြှိမ်း သတ်ခဲ့ရာ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ လူ/တိရိစာ္ဆန် ထိခိုက်မှု မရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား