ရန်ကုန် ၁၈ ဧပြီ

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် Posco International Myanmar မှ Covid-19 Diagnastic Reagents ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ဆေးသုတေသနဦးစီးဌာန  ရန်ကုန်ရုံးချုပ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်းဟွာ က အဖွင့်အမှာစကား ပြောကြားပြီး ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် Posco International Myanmar မှ မန်းနေဂျင်းဒါရိုက်တာ Mr. Song Hoon Lee က Covid-19 Diagnostic Reagents ဆေးဘက်ဆိုင်ရာပစ္စည်းများ လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံသံအမတ်ကြီး မစ္စတာ လီဆန်းဟွာနှင့် Posco International Myanmar မှ မန်နေဂျင်းဒါရိုက်တာ Mr. Song Hoon Lee တို့က Covid-19 Diagnostic Reagents ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုယ်စား ဆေးသုတေသန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်း၊ဓာတ်ပုံ-ဇော်မင်းလတ်(MNA)