နမ့်စန် ၅ ဧပြီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများတွင် အသုံးပြုဝတ်ဆင်မည့် PPE ဝတ်စုံ စနစ်တကျ ဝတ်ဆင်နည်း၊ ပြန်ချွတ်နည်းနှင့် စွန့်ပစ်နည်းများ လက်တွေ့သရုပ်ပြရှင်းလင်းပွဲကို ဧပြီ ၅ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

 

ဝတ်စုံ၁

 

အဆိုပါ သရုပ်ပြရှင်းလင်းပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေနှင့် ဦးစိုင်းလုံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် မြို့နယ် covid-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ဉီးစီးကော်မတီဝင်များ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ မြို့နယ်ပြည်သူ့ဆေးရုံမှ သူနာပြုဆရာမ ဒေါ်နန်းအေးမြသီတာက PPE ဝတ်စုံ စနစ်တကျ ဝတ်ဆင်နည်း၊ ပြန်ချွတ်နည်းနှင့် စွန့်ပစ်နည်းများကို ပရိုဂျက်တာဖြင့် ပြသရှင်းလင်းခဲ့ပြီး သူနာပြုဆရာမ ဒေါ်နန်းဆိုင်ထွမ်းနှင့်အတူ လက်တွေ့ဝတ်ဆင် သရုပ်ပြရှင်းလင်းခဲ့သည်။

 

ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး ကိုယ်တိုင်လေ့ကျင့် ဝတ်ဆင်ခဲ့ကြကြောင်း သိရသည်။

 

သူရအောင်(ပြန်/ဆက်)

 

ဝတ်စုံ၂