၁၁ ဇူလိုင်

ပါပူအာနယူးဂီနီ အနောက်ပိုင်း ကုန်းမြင့်ဒေသများ၏ Mul-Baiyer ခရိုင်တွင် မျိုးနွယ်စု ပြောက်ကျား တိုက်ပွဲများ ဖြစ်ပွားသဖြင့် ၁၄ ဦးသေဆုံးခဲ့ကြောင်း ဒေသခံသတင်းမီဒီယာက ယနေ့သတင်းထုတ်ပြန်ခဲ့သည်။

Kewuti မျိုးနွယ်စု အုပ်စုနှစ်စုအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ အခြားတစ်ဖက်က ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများအရသိရသည်။

ထိုချုံခိုတိုက်ခိုက်မှုသည် ယခုသီတင်းပတ်အစောပိုင်းက ဟီလာပြည်နယ်ရှိ ကလေးနှင့်အမျိုးသမီးများ အပါအဝင် ၂၃ ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်နှင့် ဆက်နွှယ်မှုမရှိကြောင်း အနောက်ဘက်ကုန်းမြင့်ဒေသများဆိုင်ရာ ရဲအရာရှိ ၊ အကြီးတန်းရဲအုပ် Jacob Kamiak က ဒေသခံသတင်းမီဒီယာ ကို ပြောကြားခဲ့သည်။

၎င်းအုပ်စုများအကြား တင်းမာမှုများ ဖြစ်ပွားနေသဖြင့် ထိုဒေသရှိ စာသင်ကျောင်းများ ၊ အစိုးရဌာနများနှင့်  စီမံကိန်းများ ရပ်နားထားကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လက ထိုနှစ်ဖက်အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပခဲ့ရာအောင်မြင်မှုမရရှိခဲ့သဖြင့်  အကြမ်းဖက်တိုက်ခိုက်မှု ပြန်လည်လုပ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ခရိုင်ရဲတပ်ကြပ်ကြီး Punta Las ပြောကြားချက်အရ သိရသည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို