မန္တလေး ၁၂ မတ်

 

 

ကျောက်ဆည် ပါရာဒီဆိုရုပ်ရှင်ရုံဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျောက်ဆည်မြို့ ကျင်းပရာ မင်းရပ်ကွက်ရှိ ယင်းရုပ်ရှင်ရုံနေရာ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက ရုပ်ရှင်သရုပ်ဆောင် ဦးအောင်လွင်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ၊ အနုပညာရှင်များနှင့် အခြားဖိတ်ကြားထားသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

 

 

ထို့ပြင် မန္တလေးပါရာဒီဆို ရုပ်ရှင်ရုံဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မန္တလေးမြို့၊ ၆၂ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ ယင်းရုပ်ရှင်ရုံနေရာတွင် ကျင်းပရာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးရဲမွန်၊ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဦးအောင်လွင်နှင့် ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် စိုးမြတ်သူဇာတို့က လည်းကောင်း၊ နန်းတော်ရှေ့ပါရာဒီဆို ရုပ်ရှင်ရုံဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မန္တလေးမြို့၊ ၁၉ လမ်း၊ အောင်မြေသာဇံမြို့နယ်ရှိ ယင်းရုပ်ရှင်ရုံနေရာတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်နှင့် တာဝန်ရှိသူများ၊ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အေးဝတ်ရည်သောင်းတို့က လည်းကောင်း၊ အမရပူရပါရာဒီဆို ရုပ်ရှင်ရုံဖွင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက မန္တလေးမြို့၊ နန်းတော်ရာရပ်၊ ကွင်းအမှတ်(၆၀၃/က)ရှိ ယင်းရုပ်ရှင်ရုံနေရာတွင် ကျင်းပရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရုပ်ရှင်အနုပညာရှင်များနှင့် ဂီတပညာရှင်များကလည်းကောင်း ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။

 

 

မန္တလေးတိုင်းဒေသကြီးတွင် ပါရာဒီဆိုရုပ်ရှင်ရုံအုပ်စုမှ ဒစ်ဂျစ်တယ်စနစ်ဖြင့်ပြသသည့် ရုပ်ရှင်ရုံနှင့် ပိတ်ကားအရေအတွက် ဖွင့်လှစ်နိုင်မှု(၁၁)ခုနှင့် အခြားရုပ်ရှင်ရုံနှင့် ပိတ်ကားအရေအတွက် (၂၁)ခုရှိသဖြင့် စုစုပေါင်း (၃၂)ခုထိ ရှိလာပြီဖြစ်ကြောင်း၊ ယခုအခါ မြန်မာတစ်နိုင်ငံလုံးတွင် ဒီဂျစ်တယ်စနစ်ဖြင့် ပြသသည့် ရုပ်ရှင်ရုံနှင့် ပိတ်ကားအရေအတွက် စုစုပေါင်းမှာ (၂၁၁)ခုထိ တိုးတက်လာပြီဖြစ်ကြောင်း သိရသည်။

 

 

နီနီဝင်းနှင့် ခင်သူဇာမင်း (FDC)