၂၃ အောက်တိုဘာ

 

 

ဘယ်လဂျီယံနိုင်ငံသူ ပါရာလံပစ် ချန်ပီယံ မာရီးကတ် ဗီးယားဗို့ဒ်ဟာ အသက် ၄၀ အရွယ်တွင် သူမရဲ့ အသက်ကို mercy killing အသုံးပြုပြီး မနေ့က အဆုံးသတ်သွားပြီလို့ ဘယ်လဂျီယံ သတင်းတွေမှာ ရေးသားထားပါတယ်။ ဘယ်လဂျီယံနိုင်ငံမှာ mercy killingကို တရားဝင် အသုံးပြုနိုင်ကြောင်း ဥပဒေပြဌာန်းထားပါတယ်။

 

1

 

 

ဗီးယားဗို့ဒ်ဟာ ကြွက်သား ပျက်ဆီးတဲ့ ရောဂါကို ခံစားနေရပြီး အဲဒီရောဂါကြောင့်  နာကျင်မှု အဆက်မပြတ် ခံစားရခြင်း၊ ခြေထောက်တွေ ပိုလီယိုဖြစ်ခြင်း၊ အိပ်မရအောင် ဖြစ်ခြင်းတွေကြောင့် ဗီးယားဗို့ဒ်ရဲ့ ဘဝဟာ ညှင်းပန်းနှိပ်စက်ခြင်း ခံနေရသလိုမျိုး ဖြစ်လာတယ်လို့ သိရပါတယ်။

 

 

ဗီးယားဗို့ဒ် အသက် ၁၄ နှစ်အရွယ်မှာ အဲဒီရောဂါရဲ့ လက္ခဏာ တွေ့လာတဲ့အတွက် အားကစားဘက်ကို ပိုပြီး လုပ်ဆောင်လာပါတယ်။ ဝီးချဲဘတ်စကတ်ဘော၊ ရေကူးနဲ့ အပြေးပြိုင်ခြင်းတွေ လုပ်ဆောင်ခဲ့ပါတယ်။

 

 

ဗီးယားဗို့ဒ် အသက် ၂၉ နှစ်အရွယ် ၂၀ဝ၈ ခုနှစ်မှာ mercy killing အသုံးပြုပြီး အသက်ရှင်ခြင်းကို အဆုံးသတ်နိုင်တဲ့ စာရွက်စာတမ်းများ ရရှိခဲ့ပါတယ်။

 

 

၂၀၁၂ ခုနှစ် လန်ဒန် ပါရာလံပစ်ပွဲမှာ ဗီးယားဗို့ဒ်ဟာ မီတာ ၁၀ဝ ပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့ပြီး မီတာ ၂၀ဝ ပြိုင်ပွဲတွင် ငွေတံဆိပ် ရရှိခဲ့ပါတယ်။  ၂၀၁၆ ခုနှစ်က ဘရာဇီးနိုင်ငံ မှာကျင်းပတဲ့ ရီရို ပါရာလံပစ်ပြိုင်ပွဲတွင် မီတာ ၄၀ဝ ပြိုင်ပွဲတွင် ငွေတံဆိပ်နဲ့ မီတာ၁၀ဝ ပြိုင်ပွဲတွင် ကြေးတံဆိပ် ရရှိခဲ့ပါတယ်။

 

 

၂၀၁၆ ခုနှစ်က ဘရာဇီးနိုင်ငံတွင် ကျင်းပတဲ့ ပါရာလံပစ် သတင်းစာ ရှင်းလင်းပွဲမှာ ဗီးယားဗို့ဒ်က အခုထိ သူမဘဝရဲ့ အချိန်တိုင်းကို ကျေနပ်နေဆဲ၊ သူမအတွက် နာကျင်စရာကောင်းတဲ့ နေ့တွေက ပိုများလာသလိုတော့ ဖြစ်လာတယ်။ mercy killing ကို အသုံးပြုနိုင်တဲ့ စာရွက်စာတမ်းတွေကလည်း ရရှိပြီးဖြစ်တယ်။ ဒါပေမယ့် အဲဒီအချိန်ကို မရောက်သေးပါဘူးလို့ ပြောကြားသွားပါတယ်။ 

 

 

MDN

ကိုးကား - AFP