၂၄ ဧပြီ
ပါရှားပင်လယ်ကွေ့အတွင်းရှိ အီရန်ရေယာဉ်များ၏ လုံခြုံရေးကို ခြိမ်းခြောက်ပါက အမေရိကန် စစ်သင်္ဘောများအား တိုက်ခိုက်ရန် တပ်များကို အမိန့်ပေးခဲ့ကြောင်း အီရန်နိုင်ငံ အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ အကြီးအကဲက ပြောကြားခဲ့သည်။
ကြာသပတေးနေ့က အီရန်အစိုးရပိုင် မီဒီယာများနှင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အီရန်နိုင်ငံ၏ ဗိုလ်ချုပ်ကြီးဖြစ်သူ ဟူစိန် ဆလမ်မီက အဆိုပါ မှတ်ချက်စကားပြောကြားခဲ့ခြင်းဖြစ်သည်။
အီရန်နိုင်ငံ၏ စစ်တပ်နှင့် သင်္ဘောများအား ခြိမ်းခြောက်နေသည့် အမေရိကန်နိုင်ငံ၏ မည်သည့် အကြမ်းဖက် အင်အားစုများကိုမဆို ဖျက်ဆီးပစ်ရန် မိမိ၏ ရေတပ်အဖွဲ့အား ညွှန်ကြားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်ရေတပ်အနေဖြင့် အမေရိကန်သင်္ဘောများအား နှောင့်ယှက်ဖျက်စီးသည့် မည်သည့် အီရန်တပ်ဖွဲ့ကိုမဆို တိုက်ခိုက်မည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ တွစ်တာပေါ်တွင် ပြောဆိုခဲ့သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ သတိပေးချက်ကို ဆလမ်မီက တုံပြန်ခဲ့ခြင်းဖြစ်သည်။
ဒေါ်နယ်ထရမ့်၏ တွစ်တာရေးသားမှုကြောင့် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆန္ဒပြရန် စီစဉ်ခဲ့သည့် ဆွစ်ဇာလန် သံအမတ်အား ဆင့်ခေါ်ခဲ့သည်။
ပြီးခဲ့သည့်အပတ်က အီရန်တော်လှန်ရေးအစောင့်တပ်မှ ရေယာဉ်၁၁စီးသည် အမေရိကန်ရေတပ်နှင့် ပင်လယ်ကွေ့ရှိ ကမ်းခြေစောင့် တပ်ဖွဲ့များနှင့် လွန်စွာနီးကပ်စွာ ရောက်ရှိခဲ့ကြောင်း တင်းမာမှုများ မြင့်တက်လာခဲ့ကြောင်း အမေရိကန်တပ်ဖွဲ့က ထုတ်ဖော်ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်