ပရီမီယာလိဂ်လက်ကျန်ပွဲတွင် လီဗာပူးအသင်း ဗီလာကို အနိုင်ယူပြီး အမှတ်ပေးဇယား ဦးဆောင်သူ မန်စီးတီးကို ဆက်လက်ဖိအားပေး

ပရီမီယာလိဂ်ပွဲစဉ် (၃၃) မှ လက်ကျန်ပွဲစဉ်အဖြစ် အက်စ်တွန်ဗီလာအသင်းနှင့် လီဗာပူးအသင်းတို့ ပွဲစဉ်ကို မေ၁၁ ရက် နံနက်ပိုင်း က ဗီလာပတ်ခ်ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ လီဗာပူးအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဦးဆောင်သူ မန်စီးတီးအသင်းကို ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။

လီဗာပူးအသင်းသည် ယခုအနိုင်ပွဲကြောင့် ပရီမီယာလိဂ် (၃၆)ပွဲကစားပြီး မန်စီးတီးအသင်းထက် တစ်ပွဲပိုကစားကာ ရမှတ် ၈၆ မှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ ပြိုင်ဘက် ဗီလာအသင်းက ၃၅ ပွဲကစားပြီး ၄၃ မှတ်ဖြင့် အဆင့် (၁၁) နေရာတွင်ရပ်တည်နေသည်။

လူးဝစ်က ပွဲချိန် ၁၁ မိနစ်တွင် ဂိုးသွင်းယူနိုင်ခဲ့သဖြင့် အက်စ်တွန်ဗီလာအသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။ ဦးဆောင်ဂိုး ခွင့်ပြုပေးလိုက်ရပြီးနောက် သုံးမိနစ်အကြာတွင် လီဗာပူးအသင်းအတွက် ချေပဂိုးကို မာတစ်က သွင်းယူပေးခဲ့သည်။ လီဗာပူးအသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဂိုးကို ပွဲချိန် ၆၅ မိနစ်တွင် ရရှိခဲ့ပြီး ဒီယက်ဇ်၏ ဖန်တီးမှုမှ မာနေးက သွင်းယူပေးခဲ့သည်။ မာနေးသည် အက်စ်တွန်ဗီလာ အသင်းနှင့် ကစားသည့် ၁၀ ပွဲတွင် ကိုးဂိုးအထိ သွင်းယူထားနိုင်ပြီဖြစ်သည်။

အောင်ဇော်