၁၂ ဒီဇင်ဘာ
အမေရိကန်ဂျာနယ်လစ်တစ်ဦးက ပရီယန်ကာချိုပရာကို ရိုက်စားအနုပညာရှင်ဖြစ်ပြီး အဆိုတော် နစ်ခ်ဂျိုနာ့စ်ဟာ ပရီယန်ကာရဲ့ ထောင်ချောက်မှာ မိသွားတဲ့လူလို့ ရေးသားခဲ့တဲ့အတွက် ပြန်လည်တောင်းပန်ခဲ့ရတယ်လို့ သိရပါတယ်။
ဂျာနယ်လစ် တစ်ဦးဖြစ်သူ မာတင်စမစ်က သူ့အနေနဲ့ ဒီလိုမျိုးရေးသားခဲ့တဲ့အတွက် မှားသွားခဲ့ပါကြောင်း၊ မိမိမှာ တာဝန်အပြည့်ရှိပါကြောင်း၊ စိတ်ရင်းနဲ့ ပြန်တောင်းပန်ပါကြောင်း ပြောကြားခဲ့ပါတယ်။ အိန္ဒိယက ချိုပရာရဲ့ ပရိသတ်တွေဟာ ချိုပရာအတွက် အပြင်း အထန်ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
လူမျိုးရေးခွဲခြားဖိနှိပ်မှုလို့လည်း စွပ်စွဲခဲ့ကြပါတယ်။ ဒါပေမယ့်လည်း မာတင်စမစ်ကတော့ သူ့အနေနဲ့ လူမျိုးရေးခွဲခြားမှု၊ လိင်ခွဲခြားမှုတွေကို လက်မခံသူ တစ်ယောက်ပါလို့ ပြောခဲ့ပါတယ်။ ဖော်ပြခဲ့တဲ့ အွန်လိုင်းဝက်ဘ်ဆိုက်ကလည်း အဆိုပါ ဆောင်းပါးဟာ သူတို့တိုက်ရဲ့ စံနှုန်းနဲ့ မပြည့်မီဘူးလို့ ပြောခဲ့ပါတယ်။ ပရီယန်ကာချိုပရာနဲ့ အဆိုတော်တစ်ဦးဖြစ်သူ နစ်ခ်ဂျို နာ့စ်တို့ဟာ ပြီးခဲ့တဲ့သီတင်းပတ်နှောင်းပိုင်းကမှ ဒေါ့ပူမှာ လက်ထပ်ပွဲကျင်းပခဲ့ တာဖြစ်ပါတယ်။ ဘောလိဝုဒ်နာမည်ကျော်တစ်ဦးဖြစ်သည့် ပရီယန်ကာဟာ သူ့ရဲ့ လက်ထပ်ပွဲမှာ ၇၅ ပေရှည်လျားတဲ့ ဇာပဝါကိုခြုံခဲ့ပါတယ်။
ဘီဘီစီ