ပရိသတ်ရှေ့အရောက်ပြန်လာမယ့် Oh My Girl

၁၁  ဧပြီ

တောင်ကိုရီးယား အမျိုးသမီးတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “Oh My Gir” ဟာ မကြာမီမှာ ပရိသတ်ရှေ့ အရောက်ပြန်လာဖို့ရာ စီစဉ်ထားကြောင်း သိရပါတယ်။ ဒီနှစ်နွေဦးမှာ အဖွဲ့ရဲ့ တေးအယ်လ်ဘမ်သစ်ကို ပရိသတ်ထံ အရောက်ပို့ဆောင်ပေးဖို့ရာ စီစဉ်ထားတာဖြစ်တယ်လို့ အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်မှာ အဖွဲ့ရဲ့ အေဂျင်စီက တေးအယ်လ်ဘမ်သစ် ဖန်တီးနေကြောင်း တရားဝင်ထုတ်ဖော် အသိပေးလာတာဖြစ်ပါတယ်။ အေဂျင်စီရဲ့ ပြောကြားချက်အရ တေးအယ်လ်ဘမ်သစ်ကို လာမယ့်မေလအတွင်း စတင်ထုတ်လွှင့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီတေးအယ်လ်ဘမ်သစ်ထုတ်လွှင့်မှုဟာ ပြီးခဲ့တဲ့ ရှစ်လတာကာလအတွင်း အဖွဲ့ရဲ့ ပထမဆုံးထုတ်လွှင့်တဲ့ တေးအယ်လ်ဘမ်ဖြစ်လာမှာပါ။ “Oh My Gir” ဟာ ခြောက်ခုမြောက် မီနီတေးအယ်လ်ဘမ် “RememberMe” ကို ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက နောက်ဆုံးထုတ်လွှင့်ပေးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အေးပြည့်