ပထမအကြိမ် အာဆီယံအစားအသောက်ပွဲတော် ဗီယက်နမ်တွင်ကျင်းပမည်

ဟနွိုင်း ၁၆ ဧပြီ

ပထမအကြိမ်အဖြစ် အာဆီယံအစားအသောက်ပွဲတော်ကို ဧပြီ ၂၀ ရက်ကနေ ၂၂ ရက်အထိ ဗီယက်နမ်မြို့တော် ဟနွိုင်းမှာကျင်းပသွားမှာဖြစ်ပြီး မြောက်ပိုင်းမြို့တော် ဟာလုံမှာ ဧပြီ ၂၇ ရက်ကနေ ၂၉ ရက်အထိ ကျင်းပသွားမှာဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေးစီစဉ်သူတွေက တနင်္လာနေ့မှာ ပြောပါတယ်။

ပွဲတော်မှာ တောင်ကိုရီးယား၊ စင်ကာပူ၊ဂျပန်၊မြန်မာ၊လာအိုနဲ့ ဗီယက်နမ်နိုင်ငံတို့မှ စားဖိုမှူးတွေနဲ့ အဖျော်ဆရာတွေကနေ အစားအသောက်တွေကို ယာယီမဏ္ဍပ် ၁၀ဝ မှာခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။

ဟနွိုင်းကပွဲတော်မှာ နာမည်ကျော် တရုတ်-အမေရိကန်စားဖိုမှူးနဲ့ အစားအသောက်အကြောင်း ရေးသားသူ မာတင်ရန်းကလည်း ဗီယက်နမ်စားဖိုမှူးတွေနဲ့အတူတူ သူ့ရဲ့ အချက်အပြုတ် စွမ်းရည်တွေကို ပြသသွားမှာပဲ ဖြစ်ပါတယ်။

ဟာလုံပင်လယ်အော်ရှိတဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နယ်မြေ ဟာလုံကပွဲတော်မှာတော့ မီးပုံပျံ ခရီးစဉ်တွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

(MDN)

ကိုးကား-ဆင်ဟွာ