လမ်းမတော်၊ ၁၅ ဒီဇင်ဘာ

ကုန်သည်စက်မှုအသင်းချုပ် မြန်မာ့ကုန်ထုတ်စွမ်းအားတိုးမြှင့်ရေးဗဟိုဌာန(Myanmar Productivity Center –MPC) မှ ပထမဆုံးအကြိမ် ပြုလုပ်သည့် “စီးပွားရေးလုပ်ငန်းများ Covid ကာလ နှင့် Covid အလွန် ကာလအတွက် သိထားသင့်သည်များ”  အခမဲ့ Online Seminar အား ဒီဇင်ဘာ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့ရာ  စိတ်ပါဝင်စားသူ   ၇၀  တက်ရောက်ခဲ့သည်။

Seminar တွင် အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှုး ဒေါက်တာအောင်သိန်းက အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး MPC မှ KAIZEN Consultant ဖြစ်သူ ဒေါက်တာထူးအောင်မြတ်က လက်ရှိကမ္ဘာနှင့် မြန်မာနိုင်ငံ၏ ကိုဗစ်အခြေအနေများအား  သုံးသပ်တင်ပြခဲ့ပြီး New Normal အတွက် ကဏ္ဍအလိုက် ဆောင်ရန်ရှောင်ရန်များ၊ New Normal မှသည် လုပ်ငန်းများ ရှေ့ဆက်ရန် နည်းလမ်းများ၊ Covid-19 ကြောင့် စီးပွားရေး ထိခိုက်မှုနှင့် စိတ်ထိခိုက်မှုများအား KAIZEN Ways ဖြင့် အဖြေရှာ ရန်နည်းလမ်းများ စသည့်အကြံဉာဏ်များအား မျှဝေပေးခဲ့ပါသည်။ ထို့နောက် Seminar သို့တက်ရောက်လာသူများမှ သိလိုသည်များကို ဖြေကြားပေးခဲ့ပြီး Seminar အား ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့် (လမ်းမတော်-ပြန်/ဆက်)