နေပြည်တော် သြဂုတ် ၅
တောင်သူနည်းပညာပေးဆွေးနွေးပွဲ (Famer’s Forum) ကိုယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ရေဆင်းတက္ကသိုလ်နယ်မြေရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန တောင်သူလယ်သမား ရုပ်သံခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ စိုက်ပျိုးရေးသုတေသန ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအောက်ရှိ နည်းပညာကျွမ်းကျင် ပညာရှင်များနှင့် ဒဏ္ခိဏသီရိမြို့နယ်မှ တောင်သူများတက်ရောက် ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က တောင်သူလယ်သမားကဏ္ဍ ရုပ်သံလိုင်းနှင့် အခြားလူမှုကွန်ယက်မီဒီယာများမှ နည်းပညာပေးလုပ်ငန်းများ ဆောင် ရွက်ပေးနိုင်ရေးသာမက တောင်သူများနှင့် ပညာရှင်များအကြား ပိုမိုနီးကပ်စွာပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းသစ်များ ဖော်ထုတ်အသုံးချဆောင်ရွက်ကြရန် ယနေ့ဖွင့် လှစ်သည့် တောင်သူနည်းပညာပေးဆွေးနွေးပွဲသည် တောင်သူလယ်သမားများ အကျိုး စီးပွားမြှင့်တင်ရေးအတွက် သုတေသီများ၊ ပညာရှင်များနှင့် စိုက်ပျိုးပညာပေးတာဝန်ရှိ သူများ ပူးပေါင်းဆောင်ရွက်သည့် Smart Movement ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဝင်ငွေရပြီး စိုက်ပျိုးရေအနည်း ငယ်သာလိုအပ်သည့်သီးနှံများ ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် ရေအသုံးချသူများ အဖွဲ့(WUG)များအနေဖြင့် လက်တွေ့ဆန်ဆန် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် စိုက်ပျိုး ထုတ်လုပ်မှု ကွင်းဆက်တစ်လျောက်လုံး အင်အားကောင်းသော အစုအဖွဲ့များအဖြစ် လှုပ်ရှား လာကြစေရေး တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ စိုက်ပျိုး ရေးသုတေသနဦးစီးဌာန အပင်ရောဂါသုတေသနဌာနစုမှ တာဝန်ရှိသူက မတ်ပဲသီးနှံ အပင်အသေအပျောက်များခြင်းပြဿနာဖြေရှင်းရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့်များ၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းစနစ်များ ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြရာ ဆွေးနွေးပွဲ တက်ရောက်လာကြသော တောင်သူများက မတ်ပဲစိုက်ပျိုး ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြဆွေးနွေးကြပြီး သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။
တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာအခက်အခဲများ ဖြေရှင်း ပေးရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် သုတေသီများ၊ ပညာရှင်များ၊ စိုက်ပျိုးပညာပေး တာဝန်ရှိသူများ နှင့် တောင်သူများအကြား နီးကပ်စွာ ဆွေးနွေးအဖြေရှာ ဖော်ထုတ်ပေးနိုင်ရေးအတွက် တောင်သူနည်းပညာပေးဆွေးနွေးပွဲ (Famers’ Forum) ကို အပတ်စဉ် စနေနေ့တိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်