ရန်ကုန် ၄ မတ်
ပထမအကြိမ်ကျင်းပသည့် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ မြန်မာစကားပြော စွမ်းရည်ပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် ရန်ကုန်တက္ကသိုလ်ကိုယ်စားပြု (အဓိပတိ)အသင်းက ဗိုလ်စွဲသွားသည်။
ပညာရေးဝန်ကြီးဌာန Mytel နှင့် Skynet တို့ ပူးပေါင်းကျင်းပခဲ့သည့် အဆိုပါ ပထမအကြိမ် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ မြန်မာစကားပြော စွမ်းရည်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ရန်ကုန်တက္ကသိုလ် ကိုယ်စားပြု (အဓိပတိ)အသင်းကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ငွေကျပ်ကျပ် သိန်း ၁၅၀ ကို ချီးမြှင့်သည်။
ယင်းအပြင် ဒုတိယဆုရရှိခဲ့သည့် ဒဂုံတက္ကသိုလ်ကိုယ်စားပြု (ဒဂုံမောင်) အသင်းကို Mytel ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ကျပ်ငွေကျပ် သိန်း ၆၀ ကို ချီးမြှင့်သည်။
ဗိုလ်လုပွဲတွင် ရန်ကုန်တက္ကသိုလ် ကိုယ်စားပြု (အဓိပတိ) အသင်းနှင့် ဒဂုံတက္ကသိုလ်ကိုယ်စားပြု (ဒဂုံမောင်) အသင်းတို့သည် မတ် ၂ ရက်က ရန်ကုန် တက္ကသိုလ်စိန်ရတုခန်းမတွင် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်အသင်းကို မတ် ၃ ရက်တွင် ကြေညာပေးခဲ့ခြင်း ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အသင်းများအနက် မိမိကြိုက်နှစ်သက်သည့် အသင်းကို Mytel ဆင်းကတ်များဖြင့် ၈၆၆၈ သို့ ကိုယ်စားပြုနံပါတ်များကို ရိုက်နှိပ်ကာ အကန့်အသတ်မရှိ ပေးခဲ့ကြသည့် Voting ရမှတ်များကိုပါ ထည့်သွင်းကာ ရွေးချယ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သူသူထက်လွင်