ရန်ကုန် ၁၄ ဒီဇင်ဘာ

 

မတူကွဲပြားတန်ဖိုးထား ကြီးမြတ်ကြစို့ စိတ်နှလုံးသား ခေါင်းစဉ်ဖြင့် ပထမအကြိမ် ယုံကြည်မှုပေါင်းစုံမှလူငယ်များ ငြိမ်းချမ်းရေးဖိုရမ် (ရန်ကုန်တိုင်းဒေသကြီး) ကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ အလုံလမ်းရှိ Summit Park View Hotel ၌ ကျင်းပသည်။

 

1

 

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး(ဗဟို)ဥက္ကဌ ဦးသောင်းထိုက်နှင့် အဖွဲ့ဝင်များ၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ငြိမ်းဖောင်ဒေးရှင်းနှင့် လူငယ်ရေးရာကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

2

 

ရှေးဦးစွာ ငြိမ်းဖောင်ဒေးရှင်း ဒါရိုက်တာ ဒေါ်စုစုဝေက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အဖွင့်အမှာစကား ပြောကြားရာတွင် ဘာသာတရားတိုင်းသည် ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် လူ့လောကကြီး ငြိမ်းချမ်းသာယာစေရန်အတွက် ထိန်းကျောင်းပေးလျက်ရှိသည်ကို မြင်တွေ့ရမည်ဖြစ်ပါကြောင်း၊ မတူညီသောအရာများ အချိုးအစားညီမျှစွာ ပေါင်းစပ်ဆုံစည်းလာကြရာသည့် အခါတွင် ညီညွတ်မှုနှင့်မျှတမှု ပေါ်ပေါက်လာကာ အလှတရားဖြစ်ထွန်းလာကြောင်း၊ ယင်းအလှတရား ပေါ်ထွန်းလာသည့်အချိန်အခါကို ငြိမ်းချမ်းသောကာလအဖြစ် သတ်မှတ်ခေါ်ဆိုရမည်ဖြစ်ပါကြောင်း။

 

ယခုအခါ မြန်မာနိုင်ငံတွင် ပြည်သူများ လိုလားတောင်းတနေသော ငြိမ်းချမ်းရေးကို ဦးတည်သည့် ဆွေးနွေးပွဲများကို ဘာသာရေးအဖွဲ့များနှင့် နိုင်ငံတကာမှ အဖွဲ့အစည်းများက ဦးဆောင်ပြီး ကျင်းပလျက်ရှိရာ အလွန်တန်ဖိုးရှိ ကောင်းမွန်ပါကြောင်း၊ မိမိယုံကြည်ကိုးကွယ်သော ဘာသာတရားကို လေးစားတန်ဖိုးထားသကဲ့သို့ မတူညီကွဲပြားသော ယုံကြည်ကိုးကွယ်မှုများနှင့် ဘာသာတရားများကို လေးစားတန်ဖိုးထား တတ်စေရန် ရည်ရွယ်ကာ လူငယ်များအား ပြုစုပြိုးထောင်ပေးလျက်ရှိခြင်းကြောင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားသည်။

 

3

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ငြိမ်းဖောင်ဒေးရှင်းမှ မူဝါဒနှင့်မဟာဗျူဟာ ဒါရိုက်တာ ဒေါ်ဇက်နန်ရော်အား အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်သည်။

 

ယင်းနောက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး(ဗဟို)ဥက္ကဌက အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသော ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ လူငယ်ရေးရာကော်မတီနှင့် ငြိမ်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူများသည် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။

ထို့နောက် လူငယ်ရေးရာကော်မတီ ပြည်ထောင်စုကိုယ်စားလှယ် ကိုထက်ပိုင်စိုးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ကိုဒီငြိမ်းလင်းက ဖိုရမ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အစီအစဉ်အကြောင်း ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဘာသာတရားနှင့် ငြိမ်းချမ်းရေးခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးကြပြီး ငြိမ်းဖောင်ဒေးရှင်း အကြံပေးဘုတ်အဖွဲ့ဝင် ဒေါက်တာမြင့်သိန်းက မတူကွဲပြားတန်ဖိုးထား ကြီးမြတ်ကြစို့ စိတ်နှလုံးသား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ IYCAP စီမံကိန်းမှ လူငယ်များက လူငယ်နှင့် ငြိမ်းချမ်းရေးသဘောတရား ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးတင်ပြကြသည်။

 

သတင်းစဉ်