ရန်ကုန် ၂၉  ဇန်နဝါရီ

 

နိုင်ငံတကာ ရေဆေးပန်းချီအသင်းမှ မြန်မာနိုင်ငံတွင် ပြုလုပ်သော ပထမဆုံး နိုင်ငံတကာ ရေဆေးပန်းချီ ပွဲတော်ကို ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ကမ်းနားလမ်းရှိ စထရင်းဟိုတယ်တွင် ကျင်းပခဲ့သည်။

 

585imj

 

အဆိုပါ ပန်းချီပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် မြန်မာ့စောင်းတီးခေတ်ကာ မြန်မာအနုပညာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး မြန်မာနှင့် နိုင်ငံတကာ ရေဆေးပန်းချီဆရာများက ပြပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ ပြသထားသော ပန်းချီကားများကို လိုက်လံကြည့်ရှုခဲ့ကြသည်။ 

 

99633+

 

အဆိုပါ ရေဆေးပန်းချီပွဲတော်တွင် ပန်းချီးကားပေါင်းမှာ ၂၆၅ ကား ပြသထားပြီး အများစုမှာ သဘာဝကို အခြေခံ ရေးဆွဲထားသော ပန်းချီကားများနှင့် လူနေမှုစရိုက်ကို ဖော်ကြူးထားသော ပန်းချီကားများ ဖြစ်သည်။

 

အဆိုပါ ရေဆေးပန်းချီပွဲတော်နှင့် ပတ်သက်၍ ပြပွဲဖြစ်မြောက်ရေး တာဝန်ရှိသူ ဆရာမင်းဝေအောင်က “ပန်းချီဆရာတွေအနေနဲ့ နိုင်ငံပေါင်းများစွာက လာကြတာဆိုတော့ ပြည်တွင်းက ပန်းချီဆရာတွေနဲ့လဲ ဒီပြပွဲကြီးကို အကြောင်းပြုပြီး ရင်းနှီးကြမှာပေါ့။ လက်တွေ့လည်း အတူတကွ ရေးဆွဲကြမယ်။ တစ်ယောက်နဲ့ တစ်ယောက်လဲ နည်းပညာတွေ ဖလှယ်လို့ရတာပေါ့။ ဒီကိုလာကြတဲ့ နိုင်ငံပေါင်းစုံက ယဉ်ကျေးမှုတွေ မတူကြဘူး။ သဘာဝတွေ မတူကြဘူး။ ဒါပေမယ့် ပန်းချီနဲ့ပတ်သက်ပြီး လာကြတော့ အကုန်လုံး တစ်သားတည်း ဖြစ်တယ်။ အနုပညာနဲ့ပတ်သက်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပိုမိုချစ်ကြည် ရင်းနှီးမှုတွေ ရှိလာနိုင်တယ်။ ကျွန်တော်တို့နိုင်ငံအတွက် ခရီးသွားကဏ္ဍကိုလည်း တစ်ဖက်တစ်လမ်းက လုပ်ပေးနိုင်တာပေါ့” ဟုပြောသည်။

 

ပထမဆုံး နိုင်ငံတကာ ရေဆေးပန်းချီပွဲတော်တွင် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် စင်ကာပူ၊ ကနေဒါ၊ အိန္ဒိယ၊ မလေးရှား၊ ထိုင်း၊ တရုတ်၊ ဟောင်ကောင်တို့မှ ကျွမ်းကျင်သော နာမည်ကြီး ပန်းချီဆရာ ၁၀ ဦးတို့၏ လက်တွေ့ရေးဆွဲခြင်း အစီအစဉ်များ၊ နိုင်ငံတကာနှင့် မြန်မာရေဆေးပညာရှင် ၈၀ ဦးပါဝင်၍ ပေ ၂၀ဝ ကျော် အရှည်ရှိသော Archie Paper ပေါ်တွင်ရေးဆွဲခြင်း အစီအစဉ်များ ပါဝင်သည်။

 

အဆိုပါ နိုင်ငံပေါင်း ၃၇ နိုင်ငံမှ ပန်းချီဆရာပေါင်းများစွာနှင့် မြန်မာပန်းချီဆရာ ၆၅ ဦးပါဝင်သော ရေဆေးပန်းချီဆရာများ အဖွဲ့သည် ပုဂံ၊ ပုပ္ပါး(ဆည်ပေါက်ရွာ)နှင့် ရွှေတိဂုံစေတီတော်ပေါ်တွင် အောက်ဒိုး ရေးဆွဲခြင်းများကို ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၃ ရက်ထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ- အာကာစိုး